Blog

ပြည်မြို့တွင် စလင်းအမျိုးအစား ကွမ်းရွက် အထွက်နည်းကာ ဈေးနှုန်းမြင့်တက်

ပြည်မြို့တွင် စလင်းအမျိုး အစား ကွမ်းရွက်အထွက်နှုန်း နည်းကာ ဈေးနှုန်းမြင့်တက်နေ ကြောင်း ကွမ်းအရောင်းဒိုင်များနှင့် ကွမ်းယာ ရောင်းသူများက ပြော သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ နောက်ဆုံးပတ်က အဆိုပါစလင်း အမျိုးအစား ကွမ်းရွက်ဈေးနှုန်း သည် တစ်ပိဿာလျှင် ကျပ် ၉,၀၀၀ ခန့်သာရှိသော်လည်း ယခု ဇန်နဝါရီ ၂ ရက်တွင် တစ်ပိဿာ လျှင်ကျပ် ၁၇,၀၀၀ ခန့်အထိ ဈေး နှုန်းမြင့်တက်လာကြောင်း ပြည် မြို့ဈေးကြီးရှိ ကွမ်းရွက်ဒိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။ ‘‘စလင်းအမျိုးအစားဆိုတာ ကွမ်းရွက်ကောင်းတာကို တင်စား ခေါ်ကြတာ။ ကွမ်းနုဝါပုံစံမျိုးပဲ။ အဲဒီကွမ်းရွက်က ကွမ်းဒိုင်တွေကို အဝင်နည်းတယ်။ ရှားပါးပြီး ဈေး လည်း အရမ်းတက်နေတယ်’’ ဟု ၎င်းကပြောသည်။ ကွမ်းရွက်စိုက်ခင်းတစ်ခင်း လျှင် စိုက်ခင်းကောင်းလျှင် ငါးနှစ်ခန့်အထိ ခူးယူရောင်းချနိုင်ပြီး မ ကောင်းလျှင် ၂…

ပြည်မြို့တွင် ၁၀ နှစ်ကျော် မကျင်းပဖြစ်သော ဘောလုံးပြိုင်ပွဲ ပြန်လည်ကျင်းပမည်

၁၀ နှစ်ကျော်ကြာမကျင်း ပဖြစ်သော ရပ်ကွက်၊ ကျေးရွာ အုပ်စု အလွတ်တန်းဘောလုံးပြိုင် ပွဲကို ပြည်မြို့တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း မြို့နယ် အားကာဦးစီးမှူး ဒေါ်လဲ့လဲ့လွင်က ပြောသည်။ ၂၀၀၃ ခန့်က စတင်ကာ အကြောင်းအမျိုးမျိုးကြောင့် မ ကျင်းပဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုဘောလုံးပြိုင်ပွဲများကို ၂၀၁၈ ဇန်န၀ါရီ ၄ ရက်မှ ဖေဖော် ၀ါရီ ၁၃ ရက်အထိ ဗိုလ်ချုပ်အောင်ဆန်းဖလားပြိုင်ပွဲအမည်ဖြင့် ပန်း ပဲတန်းလမ်းရှိ မြို့နယ်အားကစား ကွင်းတွင် ကျင်းပမည်ဟု ၎င်းက ပြောသည်။ ‘‘လွှတ်တော်ကိုယ်စားလှယ် တွေက ကြီးမှူးပြီး စီးပွားရေးလုပ် ငန်းရှင်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ကျင်းပတာလို့ သိရတယ်’’ဟု ဒေါ်လဲ့လဲ့သွင်က ပြောသည်။ ဘောလုံးအားကစားဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက ပြော သည်။ ‘‘ဟိုတုန်းကတော့ ဥက္ကဋ္ဌ…

Start typing and press Enter to search

Shopping Cart

No products in the cart.